၁။ Waso Learn KG-12 Application ကိုသုံးရန် အကောင့် Account ဘယ်လိုဖွင့်မလဲ?

• Waso Learn KG-12 Application ထဲသို့ဝင်ပါ။ အောက်ဖော်ပြပါ အချက်အလက်များဖြည့်ပေးပါ။

(၁) မိမိနာမည် အပြည့်အစုံ

(၂) မိမိကိုင်ဆောင်ထားသော ဖုန်းနံပါတ်

(၃) လျှို့ဝှက်ကုဒ်

Sign Up ကိုနှိပ်ပေးပါ။

၂။ မိမိကိုယ်ပိုင် အကောင့် Account ထဲသို့ ဘယ်လိုဝင်မလဲ?

• Sign Up ပြုလုပ်ပြီးပါက ပြန်လည်ဝင်ရောက်မူတိုင်းအား ထပ်မံဖြည့်သွင်းစရာမလိုပဲ အလိုအလျောက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ သို့သော် Application ကိုပြန်သွင်းခြင်း၊ Version မြှင့်ခြင်း နှင့် အခြားစက်တစ်ခုမှ Application သို့ဝင်လိုလျှင် Login ပြန်ဝင်ပေးရမှာဖြစ်ပါတယ်။ Sign Up ပြုလုပ်ခဲ့စဉ်က အသုံးပြုခဲ့သော ဖုန်းနံပါတ်နှင့်လျှို့ဝှက်ကုဒ်ကို အသုံးပြုရမှာဖြစ်ပါတယ်။

၃။ Waso Learn KG-12 ‌App ကို ဘယ်လို Download ရယူနိုင်ပါသလဲ?

• wasolearn.com website (သို့) Application Store များတွင်လည်း Download ရယူနိုင်ပါသည်။

၄။ Waso Learn KG-12 App တွင် သင်ခန်းစာများကို ဘယ်လိုလေ့လာနိုင်ပါသလဲ?

• Waso Learn KG-12 App တွင် မိမိတက်ရောက်လို့သော Grade ကိုရွေး၊ ဘာသာတွဲကိုရွေး၍ ဝယ်ယူလေ့လာနိုင်ပါသည်။

၅။ Waso Learn KG-12 App သည် အတန်းများကို မဝယ်ယူခင် အစမ်းကြည့်ရှု နိုင်ပါသလား?

• အစမ်းကြည့်ရှုနိုင်ပါသည်။

၆။ Waso Learn KG-12 App အကောင့်ကို အချိန်ဘယ်လောက်ကြာအောင်အသုံးပြုလို့ရပါသလဲ?

• မိမိစတင်ဝယ်ယူသောနေ့ရက်မှ တစ်နှစ်ပြည့်သည်အထိ အသုံးပြုနိုင်ပါသည်။

၇။ Waso Learn KG-12 App အတွက် ငွေဘယ်လိုပေးဆောင်နိုင်ပါသလဲ?

• Waso Learn Agent ဆိုင်များ မှတဆင့် ပေးဆောင်နိုင်ပါသည်။

• Wave Pay/ Money ဆိုင်များမှတဆင့် ပေးဆောင်နိုင်ပါသည်။

• AYA/ KBZ Pay မှလည်းတဆင့် ပေးဆောင်နိုင်ပါသည်။

• Mobile Banking မှလည်းတဆင့် ပေးဆောင်နိုင်ပါသည်။

• ATOM Store, Myanmar Application မှတဆင့်ပေးဆောင်နိုင်ပါသည်။

၈။ Waso Learn KG-12 App တွင်ပါဝင်သော သင်ခန်းစာ (Video များနှင့် Note များ) ကို Download ပြုလုပ်ထားလို့ ရပါသလား?

• Download ပြုလုပ်ထားလို့ရပါသည်။

၉။ Download ပြုလုပ်ထားသော သင်ခန်းစာ (Video များနှင့် Note များ) ကို Offline ကြည့်ရှုနိုင်ပါသလား?

• Offline ကြည့်ရှုနိုင်ပါသည်။

၁၀။ Download ပြုလုပ်ထားသော သင်ခန်းစာ (Video များနှင့် Note များ) သည် အလိုအလျောက်ပျက်သွားနိုင်ပါသလား?

• အလိုအလျောက် မပျက်သွားနိုင်ပါ။ အောက်ပါအကြောင်းအရာများကြောင့် ပျက်သွားနိုင်ပါသည်။

(၁) App ကို Uninstall ပြုလုပ်ခြင်း။

(၂) Setting ထဲတွင် App ၏ Storage ကို Clear လုပ်မိခြင်း။

(၃) အသုံးပြုသူမှာ မှားဖျက်မိခြင်း။

(၄) TuneUp Utility App များကို အသုံးပြုခြင်း။

၁၁။ Download ပြုလုပ်ထားသော သင်ခန်းစာ (Video များနှင့် Note များ) သည် သက်တမ်းကုန်သွားလျှင် အလိုအလျှောက်ပျက်သွားနိုင်ပါသလား?

• သက်တမ်းကုန်သွားလျှင် အလိုအလျှောက်ပျက်သွားနိုင်ပါသည်။

၁၂။ App တွင် Download ပြုလုပ်ထားသော သင်ခန်းစာ (Video များနှင့် Note များ) အား အသုံးပြုသူသည် ဖျက်ပစ်နိုင်ပါသလား?

• ဖျက်ပစ်နိုင်ပါသည်။ App တွင် Download လုပ်ထားသော Video များအား Delete Button နှိပ်၍ ဖျက်ပစ်နိုင်ပါသည်။

၁၃။ Waso Learn Application သည် Internet Data ကုန်ကျမှုများနိုင်ပါသလား?

• ကုန်ကျမှုမများနိုင်ပါ။ Quality အကောင်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင်ပြုလုပ်ထားပါသည်။

၁၄။ Waso Learn Application တွင် သင်ခန်းစာ ( Video များနှင့် Note များ) ကို Download ဆွဲရာတွင် Internet Data ကုန်ကျမှု များနိုင်ပါသလား?

• ကုန်ကျမှု မများနိုင်ပါ။ သင်ခန်းစာ ( Video များနှင့် Note များ) ကို Download ဆွဲရာတွင် Quality အကောင်းဆုံးနှင့် Internet Data အသက်သာဆုံးဖြစ်အောင် ပြုလုပ်ပေးထားပါသည်။

၁၅။ Waso Learn Application အတွက် Data Packages သီးသန့်ဝယ်ယူအသုံးပြုလို့ရပါသလား?

• ဝယ်ယူအသုံးပြုလို့မရနိုင်သေးပါ။ မကြာခင်မှာ ဝယ်ယူအသုံးပြုလို့ရလာနိုင်ပါမည်။